အိန္ဒိယနိုင်ငံ

နူ ဝဳကဳပဳဒဳယာ

အိန္ဒိယ တရားဝင်အမည်အားဖြင့်အိန္ဒိယသမ္မတနိုင်ငံတော်ဖြစ်သည်။တောင်အာရှတွင် တည်ရှိသောနိုင်ငံတစ်နိုင်ငံဖြစ်ပြီး ကမ္ဘာပေါ်တွင်အကျယ်အဝန်းအားဖြင့်သတ္တမမြောက်အကြီးဆုံး၊ ဒုတိယမြောက်လူဦးရေအများဆုံးနှင့်ဒီမိုကရေစီနိုင်ငံများတွင်လူဦးရေအများဆုံးနိုင်ငံဖြစ်သည်။တောင်ဘက်တွင်အိန္ဒိယသမုဒ္ဒရာ၊အနောက်ဘက်တွင် အာရပ်ပင်လယ်နှင့် အရှေ့ဘက်တွင်ဘင်္ဂလားပင်လယ်အော်တို့ကဝန်းရံထားပြီး အိန္ဒိယတွင်ကမ်းရိုးတန်းအရှည်မိုင်ပေါင်း ၄၆၇၁ မိုင်(၇၅၁၇ကီလိုမီတာ)ရှိသည်။ မျှရှိသည်။ အိမ်နီးချင်းနိုင်ငံများအနေဖြင့် အနောက်ဘက်တွင် ပါကစ္စတန်နိုင်ငံ၊ အရှေ့မြောက်ဘက်တွင် တရုတ်၊ နီပေါနိုင်ငံ နှင့် ဘူတန်နိုင်ငံ၊ အရှေ့ဘက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နှင့် မြန်မာနိုင်ငံ တို့ရှိကြသည်။ အိန္ဒိယသမုဒ္ဒရာထဲရှိ နိုင်ငံများဖြစ်သော သီရိလင်္ကာနိုင်ငံ၊ မော်လဒိုက်နိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့နှင့်လည်း နီးစပ်သည်။